ကွန်ပျူတာနည်းပညာဟောပြောပွဲ ကျင်းပမည်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (စစ်ကိုင်းတိုင်း)မှ ကြီးမှူး၍ ကွန်ပျူတာနည်းပညာဟောပြောပွဲကို မုံရွာမြို့၊ ပေါ်ဦးခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောပွဲကို အောက်တိုဘာလ (၁၆)ရက်၊ နံနက် ၈ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ပညာရှင်များ လာရောက်ဟောပြောမည် ဖြစ်ပါသည်။
ဦးဇော်ဝင်းထွန်းမှ Current Wireless Technologies နှင့် ဦးအောင်ဇော်မြင့်မှ Possible ICT Challenges and treats on Today advanced networking technologies အကြောင်းအရာများ ဟောပြောမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်း သတင်းပါးအပ်ပါသည်။
Last Updated (Friday, 14 October 2011 19:24)
မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် မှ ITPEC စာမေးပွဲများကျင်းပမည်
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာမေးပွဲကို ကျင်းပ မည်ဖြစ်သည်။ Information Technology Passport Examination (IT Passport) စာမေးပွဲသည် IT ဆိုင်ရာအခြေခံဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်သောလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် ရည်ရွယ်၍စစ်ဆေးသော စာမေးပွဲဖြစ်သည်။ Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဗဟုသုတအခြေခံကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ရေးဆွဲသူများ နှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် ရည်ရွယ်၍စစ်ဆေးသည့်စာမေးပွဲဖြစ်သည်။ Applied Information Technology Engineer Examination (AP) စာမေးပွဲသည် IT ဗဟုသုတများနှင့်ကျွမ်းကျင်မှုများကို လက်တွေ့နယ်ပယ်တွင် အသုံးချနိုင်စွမ်း (Apply) ရှိသူများ၊အဆင့်မြင့် IT လူ့စွမ်းအား အရင်းအမြစ်အဖြစ်အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် ရည်ရွယ်၍စစ်ဆေးသည့် စာမေးပွဲဖြစ်သည်။ စာမေးပွဲသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားကျာင်းသူများ၊ နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး IT စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များ ဝင်ရောက်ဖြေဆိုနိုင်သည်။
| စာမေးပွဲအမျိုးအစား | စာမေးပွဲကျင်းပမည့်နေ့ | စာမေးပွဲကျင်းပမည့်အချိန် | စာမေးပွဲကြေး | စာမေးပွဲကျင်းပမည့်နေရာ |
|
Fundamental IT Engineer Examination (FE) |
၂၀၁၁ အောက်တိုဘာ ၂၃ ရက် (တနင်္ဂနွေ) |
နံနက်(၉:၃၀မှ၁၂:၀၀)ထိ နေ့လည်(၁:၃၀မှ၎:၀၀)ထိ |
(၁၀,၀၀၀) ကျပ် | E-Library, မုံရွာ |
|
Applied IT Engineer Examination (AP) |
၂၀၁၁ အောက်တိုဘာ ၂၃ ရက် (တနင်္ဂနွေ) |
နံနက်(၉:၃၀မှ၁၂:၀၀)ထိ နေ့လည်(၁:၃၀မှ၎:၀၀)ထိ |
(၁၀,၀၀၀) ကျပ် | E-Library, မုံရွာ |
|
IT Passport Examination (IP) |
၂၀၁၁ အောက်တိုဘာ ၂၃ ရက် (တနင်္ဂနွေ) |
နံနက်(၉:၃၀မှ၁၂:၁၅)ထိ | (၅,၀၀၀) ကျပ် | E-Library, မုံရွာ |
စာမေးပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (စစ်ကိုင်းတိုင်း) ဖုန်း 09-47050138, 09-47061099, 09-43002937 သို့ ဆက်သွယ်နိုင်ပါသည်။ ၁၇.၁၀.၂၀၁၁ နေ့နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။
Last Updated (Thursday, 22 September 2011 15:04)
2011 ICT Exhibition (Sagaing) ဖွင့်ပွဲဓာတ်ပုံများကွန်ပျူတာနည်းပညာဟောပြောပွဲကျင်းပမြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (စစ်ကိုင်းတိုင်း)မှ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ပုလဲမြို့နယ် အတွင်း တည်ရှိသော တောင်ရွာသစ်ကျေးရွာတွင် ကွန်ပျူတာ နည်းပညာဟောပြောပွဲ တစ်ခု ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲကို တောင်ရွာသစ်ကျေးရွာရှိ နိမ္မိတာရုံ အမှတ် (၃) ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် နံနက် ကိုးနာရီမှ နေ့လည် ဆယ့်နှစ်နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲသို့ စိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူများ၊ သံဃာတော်များ စုစုပေါင်း လူဦးရေ သုံးရာခန့် တက်ရောက်ခဲ့ပါသည်။ ဟောပြောခဲ့သည့် ခေါင်းစဉ်များမှာ ၁။ ကွန်ပျူတာအရေးပါပုံ (ဒေါ်နိုင်နိုင်မော်) ၂။ အိုင်တီနှင့်အလုပ်အကိုင်အခွင့်အလမ်း (ဦးသန်းမင်းဦး) ၃။ နည်းပညာတီထွင်မှုကောင်းကျိုး၊ဆိုးကျိုး (ဦးမင်းယုကြွယ်) ၄။ ကွန်ပျူတာနှင့်ပညာရေး (ဦးသန်းဦး)
Last Updated (Wednesday, 03 August 2011 21:23) |








