ပညာရေးကောလိပ်(မုံရွာ) သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းအနေဖြင့် မုံရွာပညာရေးကောလိပ်တွင် ဆရာ၊ဆရာမ (၂၀)ဦးအတွက် ကွန်ပျူတာအခြေခံသင်တန်းအား (၁၆-၉-၂၀၁၁) မှ (၁၈-၁၁-၂၀၁၁)အထိ သင်ကြားပို့ချပေးနိုင်ခဲ့ပါသည်။ Microsoft PowerPoint, Adobe Photshop နှင့် PC Maintenance ဆိုင်ရာများကို အဓိကထား သင်ကြားပို့ချပေးခဲ့ပါသည်။ သွားရောက် သင်ကြားပေးခဲ့သည့် အလုပ်အမှုဆောင်များမှာ ဒေါ်နိုင်နိုင်မော်၊ ဒေါ်ယုယုကြွယ်၊ ဦးမင်းယုကြွယ်၊ ဦးသန်းမင်းဦး၊ ဦးဟိန်းဇော်အောင်နှင့် ဦးသန်းဦးတို့ ဖြစ်ပါသည်။
သင်တန်းဆင်းပွဲကို (၂၁-၁၁-၂၀၁၁)ရက်နေ့တွင် ထို ပညာရေးကောလိပ်ရှိ ခန်းမတွင် အောင်မြင်စွာ ကျင်းပပြုလုပ်ပေးခဲ့ပြီး သင်တန်းဆင်းလတ်မှတ်များ အပ်နှင်းခဲ့ပါသည်။

 

အသင်းရုံးခန်း ပြောင်းရွှေ့ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်း၏ ရုံးခန်းအား ယခင် ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံမှ မုံရွာမြို့၊ မြသလ္လာဈေးသစ် အပေါ်ထပ်၊ အခန်းအမှတ် (၁၂၊၁၃)သို့ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်ပါသည်။ အသင်းဝင် လိုသူများ၊ အသင်းနဲ့ဆက်သွယ်လိုများအနေဖြင့် ရုံးခန်းသစ်တွင် လာရောက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

 

ရေဦးမြို့တွင် ဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်အသင်းမှ ရေဦးမြို့၊ မြသီတာ ခန်းမတွင် (၃.၁၂.၂၀၁၁) ရက်နေ့၌ ကွန်ပျူတာနည်းပညာဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် အသင်း အလုပ်အမှုဆောင်များမှ အောက်ပါအကြောင်းအရာများကို ဟောပြောခဲ့ပြီး စိတ်ပါဝင်စားတက်ရောက်သူ (၂၀၀)ခန့် ရှိခဲ့ပါသည်။

၁။ ဦးမင်းယုကြွယ်(Application of Computer)
၂။ ဦးသန်းမင်းဦး (Introduction to Internet)
၃။ ဦးသန်းဦး (Computer & Opportunities)
၎။ ဦးဟိန်းဇော်အောင် (Result of Game Playing)

Click Here to See Photo Gallery

Last Updated (Thursday, 09 February 2012 21:11)

 

ကွန်ပျူတာနည်းပညာဟောပြောပွဲ ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (စစ်ကိုင်းတိုင်း)မှ ကြီးမှူး၍ ကွန်ပျူတာနည်းပညာဟောပြောပွဲကို မုံရွာမြို့၊ ပေါ်ဦးခန်းမတွင် ကျင်းပမည်ဖြစ်ပါသည်။ ဟောပြောပွဲကို အောက်တိုဘာလ (၁၆)ရက်၊ နံနက် ၈ နာရီမှ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ပညာရှင်များ လာရောက်ဟောပြောမည် ဖြစ်ပါသည်။

ဦးဇော်ဝင်းထွန်းမှ Current Wireless Technologies နှင့် ဦးအောင်ဇော်မြင့်မှ Possible ICT Challenges and treats on Today advanced networking technologies အကြောင်းအရာများ ဟောပြောမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်း သတင်းပါးအပ်ပါသည်။

Last Updated (Friday, 14 October 2011 19:24)

 
Search
Email Subscription

Enter your email address:

Delivered by FeedBurner